စမတ်ဖုန်းတွေကို တစ်မိနစ်အတွင်း အားပြည့်စေမယ့် နည်းပညာကို Standford တက္ကသိုလ်မှ အင်ဂျင်နီယာ ကျောင်းသားများက တွေ့ရှိခဲ့ ပါတယ်။ ယင်း နည်းပညာအရ ဘယ် စမတ်ဖုန်းကိုမဆို တစ်မိနစ်အတွင်း အားပြည့်အောင် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ယင်း အတွက် အသုံးပြုတဲ့ နည်းပညာက flexible aluminium battery ကြောင့် ဖြစ်ပါတယ်။ negative charge ရှိတဲ့ အလူမီနီယမ် anode, positive charge ရှိတဲ့ Graphite Cathode တို့ကို တွဲဆက် အသုံးပြုခြင်း ဖြစ်ပါတယ်။ ယင်းသို့ တွဲဆက်အသုံးပြုခြင်းက အားကို အမြန်စီးဆင်း ပြည့်စေတာကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်ရှိနေသေးတာကို လက်ရှိ စမတ်ဖုန်း ဘက်ထရီများထက် အား တစ်ဝက်သာ သယ်ဆောင်နိုင်စွမ်းရှိနေသေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းကိုလည်း ပြန်လည် တိုးမြင့်အောင် ကြိုးစားနေပါတယ်။
ဒါကြောင့်မို့ ယင်း နည်းပညာကို လက်တွေ့အသုံးချနိုင်ဖို့အတွက် တစ်နှစ်အတွင်း ကြိုးစားဖန်တီးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: dailymail
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!