ဖုန်းရဲ့ ဖန်သားပြင်အောက်မှာ နေရောင်ခြည်စွမ်းအင်ကို ဆုပ်ယူမယ့် အလွှာကို ထည့်ထားပါတယ်။ ဒါကြောင့်မို့ နေရောင်ခြည်စွမ်းအင်ကို ၃ မိနစ်ရရှိတိုင်း ဖုန်း ၁ မိနစ်ပြောရန် အားရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြဲတမ်း အားပြည့်နေမှာ ဖြစ်ပါတယ်။ ဖုန်းတွေမှာ အားနည်းချက်က နေရောင်ခြည်ထိပါများရင် ဖန်သားပြင် ထိခိုက်မှု ရှိပေမယ့် လက်ရှိ Kyocera ဖန်တီးထားတဲ့ ဖုန်းကတော့ ယင်းနဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်ပါတယ်။ နေရောင်ခြည်အပူချိန် ဘယ်လောက်ထိ ခံနိုင်မယ်ဆိုတာတော့ မသိသေးပါဘူး။
ယင်း စမတ်ဖုန်းကို ယခုနှစ်အတွင်း ဈေးကွက်ချပြနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: MMAS
Post a Comment