တစ်ပတ်အသုံးခံမယ့် ဟိုက်ဒရိုဂျင် ဘက်ထရီများ ထွက်ပေါ်တော့မှာ ဖြစ်ကြောင်း တီထွင်ဖန်တီးနေတဲ့ ကုမ္ဗဏီက ထုတ်ပြန်လိုက်ပါတယ်။ Intelligent Energy လို့အမည်ရတဲ့ ကုမ္ဗဏီဖြစ်ပြီး ဟိုက်ဒရိုဂျင် Fuel Cell ကို ဖန်တီးဖို့ ကြိုးစားနေတာ အတော်လေး ကြာပြီ ဖြစ်ပါတယ်။
ယင်း ဟာ လက်ရှိ အသုံးပြုနေတဲ့ လစ်သီယံ ဘက်ထရီနဲ့မတူပါဘူး။ စွန့်ပစ် အညစ်အကြေးထွက်ရှိမှုလည်း မရှိပါဘူး။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကိုအခြေခံပြီးတော့ အသုံးပြုမယ့်ဘက်ထရီဖြစ်တာကြောင့် powerful လည်း ပိုဖြစ်ပါတယ်။ ရေကနေ ဓာတ်ခွဲပြီးတော့လည်း အားထုတ်နိုင်တာကြောင့် စမတ်ဖုန်းထုတ်သူများ အနေနဲ့ ၎င်းတို့ ထုတ်လုပ်တဲ့ ဖုန်းကို အမျုျးိုး innovate လုပ်ပြီးတော့ ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအား efficient ဖြစ်အောင် ဖြစ်ပါတယ်။
တစ်ပတ်ဆိုတာ အနည်းဆုံး ဖြစ်ပြီး တီထွင်ဖန်တီးမှု ကောင်းမွန်သလောက် ကြာကြာခံမှာ ဖြစ်ပါတယ်။ ယင်းသာ တကယ်အောင်မြင်သွားရင် ကမ္ဘာတစ်လွှားမှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လိုအပ်မှုဟာလည်း တိုးတက်လာမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ယခုဆိုရင် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို အသုံးပြုပြီးတော့ ကားများကိုလည်း လောင်စာပေးနေပြီ ဖြစ်တာကြောင့် ဖြစ်ပေါ်လာရန် အလားအလာ ပိုနီးကပ်နေပြီ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)
www.myanmarmobileapp.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!