လက်ရှိ တရားရင်ဆိုင်နေရတဲ့ Apple ဟာ FBI ကို iPhone unlock လုပ်ပေးနိုင်မယ့် software ဖန်တီးပေးမယ့်အစား လက်ရှိ FBI တွေ့ထားတဲ့ အားနည်းချက်ကို ပိတ်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Apple iPhone များဟာ unbreakable ဖြစ်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ Apple ရဲ့ အိုင်ဖုန်းကို အသုံးပြုတဲ့ တရားခံတစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပစ်ခတ်အကြမ်းဖျက်မှု ပြုလုပ်ရာ လူပေါင်း ၁၄ ဦးကို သေစေပြီး ၂၂ ဦးကို ဒဏ်ရာရရှိစေခဲ့ ပါတယ်။ ယင်း ဖြစ်ရပ်ကို အခြေခံပြီးတော့ FBI ဟာ တရားခံရဲ့ iPhone ကို ဖောက်ဖို့ ကြိုးစားရာမှ အားနည်းချက်ကို တွေ့ရှိရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဟာ Apple user များရဲ့ အချက်အလက်ကို ရယူနိုင်အုံးမှာ မဟုတ်ပါဘူး။
Apple အနေနဲ့ iPhone ရဲ့ လုံခြုံရေးကို ဆက်လို့သာ တိုးမြင့်ရန်သာ ရှိကြောင်း ပြောဆိုခဲ့ပါတ်။
.
Ref: dailymail
Post a Comment