
ဒီတစ်ခါတော့ Call Screen HD ဆိုတဲ့ Android Application လေးတင်ပေးလိုက်ပါတယ်ဗျာ။ နောက်ဆုံးထွက် Version အသစ်လေးပါဘဲ။ ဒီကောင်လေးကဘာတွေလုပ်ပေးနိုင်သလည်းဆိုရင် ဖုန်းခေါ်ရင်ဘဲဖြစ်ဖြစ် ဖုန်းပြောရင်ဘဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ ပုံကို Screen ပေါ်မှာ အပြည့်ပေါ်စေမှာဖြစ်ပါတယ်ဗျာ။ တစ်ဖက်လူရဲ့ ပုံကိုတော့ Contact မှာထည့်ပေးထားဖို့လိုပါတယ်ဗျာ။ နောက်ပြီး ဖုန်းလက်ခံတဲ့အခါမှာ နှိပ်တဲ့ Answer နဲ့ End ကိုလည်း စတိုင်ပြောင်းပြီး ထားနိုင်ပါသေးတယ်။ ဒါ့အပြင် Call Block Feature ကိုပါထည့်သွင်းထားပါ တယ်ဗျာ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး Phone Call နဲ့ပတ်သက်ပြီး အခြားသော Feature များစွာ ကို အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။ အသေးစိတ်ရေးပေးထားပါတယ်နော်။ နမူနာကြည့်နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။ဒါဆိုရင် Contact တွေကို ကန့်သတ်ချက်မရှိထည့်သွင်းနိုင်ပြီဖြစ်ပါ တယ်ဗျာ။ဒီကောင်းလေး၏ဖိုင်းဆိုဒ်တော့6MB ရှိပြီး Android OS 2.3 အထက်ရှိဖုန်းများသုံးနိုင်ပါတယ်။




Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!