July 11, 2025

How to resolve Samsung Devices MM Font Error ?

How to resolve Samsung Devices MM Font Error ?










Samsung Device တွေမှာ ကိုယ့်ဆီမှာ Myanmar Font ရှိနေပေမဲ့ Message ပို့တဲ အခါ အခြားဖုန်းမှာ ????? တွေပဲ ပေါ်နေရင် ဘယ်လို ပြန်လုပ်ရမလဲ ?


Samsung Device တွေမှာ ကိုယ့်ဆီမှာ Myanmar Font ရှိနေပေမဲ့ Message ပို့တဲ့ အခါ ကိုယ်ပို့ လိုက်တဲ့ ဖုန်းမှာလည်း Myanmar Font ရှိနေပြီး????? တွေပဲပေါ်နေရင် ဘယ်လို ပြန်လုပ် ရမလဲလို့ မေးတတ် ကြလို့ ကျတော် ဖြေရှင်း နည်းလေးကို ပြန်လည် မျှဝေပေး လိုက်ပါတယ်။

ကျတော်လည်း မေးတိုင်း ပြန်ပြော ပေးပါတယ်။ ဒါပေမဲ့ မေးတဲ့ လူလောက်ပဲ ဒီ error ရဲ့ဖြေရှင်း နည်းလေးကို သိရမှာဖြစ်တဲ့ အတွက်ကြောင့် Samsung Device ကိုင်ဆောင် သူ အားလုံး ကြုံလာတဲ့ အချိန်ဖြေရှင်း နိုင်စေရန် တင်ပြပေး လိုက်ပါတယ်။

ဒီလိုမျိုး ဖြစ်လာ ပြီဆိုရင်တော့ Message setting ထဲမှာ လွဲမှားနေလို့ ဖြစ်ပါတယ်။ တချို့က သိပ်မသိ ကြပါဘူး။ တချို့ဆို Myanmar Fomt ရှိနေရဲ့နဲ့
ဖြစ်တာ ဆိုတော့ Font မကိုက်လို့ ထင်ပြီး Font တွေ ပြောင်း သုံးရင်းနဲ့ တစ်ခါ တစ်လေ Firmware ပါကျတဲ့ အခြေ အနေတွေ ဖြစ်တတ် ပါတယ်။

တစ်ချို့ကတော့ Firmware ကြောင့်ဖြစ်မယ် ထင်ပြီး Firmware ပြန်တင် လိုက်ကြနဲ့ အလုပ် ရှုပ်ပါတယ်။ ဒီ Error ကိုဖြေရှင်း ရမှာကတော့ အရမ်းကို လွယ်ကူပါတယ်။ ဘယ်လို လုပ်ရမလဲ ဆိုရင်တော့…….

  • Message application ကို ဖွင့်လိုက်ပါ။
  • ပြီးရင် menu key လေးကိုနှိပ်ပါ။
  • အဲဒီလိုနှိပ်ပြီးရင် box လေးတစ်ခုပေါ်လာပါမယ်။
  • Setting ဒါမှမပာုတ် Message Setting လို့ရေးထားတာကို ရွေးပေး လိုက်ပါ။
  • Message Setting ထဲ ရောက်သွားပြီ ဆိုရင် input mode ကိုရွေးပေးပါ။
  • box လေး တစ်ခု ပေါ်လာပါမယ်။
  • ဘာမှ စဉ်းစားမနေပါနဲ့ automatic ဆိုတာကို ရွေးပေးလိုက်ပါ။
  • ပြီးရင်တော့ Message ပြန်ပို့ ကြည့်ပါ။
  • ကိုယ်ပို့တဲ့ တစ်ဖက်ဖုန်းမှာ Myanmar Font ပေါ်နေတာကို အဆင်ပြေပြေ တွေ့မြင် ရပါပြီ ခင်ဗျာ။
  • Samsung Device ကိုင်ဆောင်သူ မသိသေးတဲ့ User များ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
Credit :Here

                                   
Admin : CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က နံပါတ်လေးကို Call လိုက်ပါ ခင်ဗျာ...။
၀၉-၇၉၅၈၈၃၅၄၉
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( TBZY )

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.