USB Drive ထဲ ကို Virus မ၀င်အောင် ဘယ်လိုလုပ်မလဲ ???..
ဘယ်လိုမ၀င်အောင်တားမလဲ ဘယ်လိုလုပ်ရမလဲလို့ လာလာမေးနေတဲ့ ညီအကိုများအတွက်
ကျနော် တင်ပေးလိုက်ပါတယ် .. နည်းကတော့ လွယ်လွယ်လေးပါ ....
ကဲပထမဦးဆုံး ကိုယ့်ရဲ့ USB Drive က data တွေ ကွန်ပျူတာထဲ ကူးထည့်ထားပါ..
ပီးရင် USB ကို Format ရိုက်ပါ....
Format ရိုက်လို့ ပီးသွားရင် Window+R နှိပ်ပီး Run box ကနေ
CMD ထဲဝင်ပါ...
ပီးရင် CMD ကနေ ကျနော်ပြထားတဲ့ Code အတိုင်းရိုက်ပါ.. (convert e: /fs:ntfs)
ဒီနေရာမှာ e ဆိုတာလေးကတော့ Drive ရဲ့ Name နောက်က ဟာလေးပါ. .
i ဆို i , d ဆို d အစားထိုးပီးရေးပေးပါ. ပီးရင် Enter ခေါက်ပါ...
သူ့ဘာသူ NTFS System ပြောင်းနေပါလိမ့်မယ် ပီးတဲ့အထိ စောင့်ပါ..
ပီးသွားရင် ကိုယ်ထည့်မယ့် ဖိုင်တွေ ကူးထည့်လို့ ရပါပီ...
ပြီးရင်My computerထဲမှာToolsထဲကFolder Optionကိုဖွင့်ပါ။
ပီးရင် View Tap ရဲ့ အောက်ဆုံးက Use simple file sharing ကို အမှန်ခြစ်ဖြုတ်ပေးပါ..
ပြီးရင်Apply ,OKပေါ့။
ပြီးရင်My computerထဲကကိုယ်ရဲPen Driveပေါ်မှာညာဘက်ကလစ်လုပ်ပြီးPropertiesထဲကို ၀င်ပါ..
security Tab ထဲမှာပုံမှန်အားဖြင့်တော့ Full control ဖြစ်နေလိမ့်မယ်။
Edit ထဲဝင်ပါ...
အဲဒီမှာFull Controlဆိုတာရယ်၊Modifyဆိုတာရယ်၊writeဆိုတာရယ် ကိုအမှန်ခြစ်ဖြုတ်ပေးရပါမယ်။
ပြီးရင်Apply , Okပေါ့
ဒီလိုပုံစံအတိုင်းဖြစ်ရင်တော့ ရပါပီ...
ကိုယ်ကFull Controlပြန်မလုပ်သရွေ.ဖိုင်တွေထပ်ထည့်လိုမရတော့ပါဘူး။အထဲကဖိုင်တွေက
တောပုံမှန်ယူသုံးလို့ရနေမှာပါ။ကိုယ်ကFull Controlပြန်မလုပ်သရွေ.ဗိုင်းရပ်တွေကလည်း
ကျွန်တော်တို. USBa Driveထဲက၀င်လာနိုင်စရာမရတော့ဘူးပေါ့အဆင်ပြေပါစေ...
Credit to : Min Oke Kar
Post a Comment