April 12, 2025

ကွန်ပြူတာ တိုင်း ဆောင်ထားသင့်တဲ့ Data Recovery Software

ကွန်ပြူတာ တိုင်း ဆောင်ထားသင့်တဲ့ Data Recovery Software

ဒီနေ့တော့ အင်မတန်မှကို အသုံးဝင်တဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။ စက်တိုင်းလည်း ဆောင်ထားသင့်တယ်လို့ ထင်ပါတယ်။ သူကတော့ Recovery ဆော့ဝဲလေးပါ။ Recovery ဆိုပေမယ့် သူက အဓိက လုပ်ပေးတာက မတော်တဆ မရည်ရွယ်ဘဲ လက်ကမှားပြီး ဖျက်မလိုက်တဲ့ Data တွေကို ချက်ချင်း ပြန်ယူတဲ့ ကောင်လေးပါ။ ဒီထပ်မကပါဘူး။ Windows တွေ ဆယ်ကြိမ်မက Format ရိုက်ခဲ့တာကိုတောင် ပုံတွေကို ပြန်ရှာပေးနိုင်ပါတယ်။ ဒီ Software လေးနဲ့ ဘယ်လို Data မျိုးတွေကို ပြန်ရယူနိုင်သလဲ ဆိုတော့.
1. Recycle bin ကနေ ဖျက်လိုက်တဲ့ Data။
2. အမြဲဖျက်နေကျ နည်းလမ်းဖြစ်တဲ့ Shift + Delete နဲ့ဖျက်လိုက်တဲ့ Data တွေအပြင်
3. Memory Card ထဲက နေဖျက်လိုက်မိတဲ့ Data တွေကိုပါ ပြန်ရယူနိုင်တယ်လို့ ဆိုထားပါတယ်။

File Deletion ဖြစ်စဉ်
ဒီနေရာမှာ ကျွန်တော်တို့ စက်ထဲမှာ File deletion လုပ်တဲ့ ဖြစ်စဉ်ကို နည်းနည်းရှင်းပြလိုပါတယ်။ ကျွန်တော်တို့တွေ File တစ်ခုကို Delete လုပ်လိုက်တာနဲ့ ကျွန်တော်တို့ Delete လုပ်လိုက်တဲ့ ဖျက်လိုက်တဲ့ဖိုင်တွေ (ယခင်နေရာယူထားတဲ့) နေရာကို HDD ကနေပြီး နေရာလွတ်( Free space ) ပါဆိုပြီး သတ်မှတ်ထားလိုက်ပါတယ်။ ဒါကြောင့် တကယ်လို့များ နောက်ထပ် Data အသစ်တွေ ကို အခုန HDD ထဲမှာဘဲ ထပ်သိမ်းချင်တဲ့အခါ HDD ကနေပြီး ခုန သူက Free Space လို့သတ်မှတ်ထားတဲ့ နေရာတွေမှာ သိမ်းဖို့ခွင့်ပြူလိုက်ပါတယ်။ တကယ်လို့ အခုနဖျက်လိုက်တဲ့ နေရာလွတ်တွေ နေရာမှာ နောက်ထပ် Data တွေထပ် မ Save ရသေးဘူးဆိုရင်တော့ ပြန်ပြီး Recover လုပ်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဖျက်လိုက်တဲ့ နေရာမှာ Data တွေထပ်ပြီး သိမ်းမိရင်တော့ ပြန်ပြီး Recover လုပ်ဖို့ ဒီ Software လေးအတွက် အခက်အခဲရှိနိုင်သလို ပြန်ရနိုင်ဖို့လည်း မသေချာပါဘူး။ အခုတော့ ဒီSoftwareလေးနဲ့ လုပ်ပုံလုပ်နည်းလေးကို ဆက်ကြည့်လိုက်ရအောင်…

လုပ်နည်း
1. ပထမဆုံး ဒီနေရာမှာ ဒေါင်းလုပ် ယူလိုက်ပါ။
2. Software လေးကို Install လုပ်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံလေးလိုမျိုး ကျလာပါလိမ့်မယ်။ မိမိ ပြန်လိုချင်တဲ့ Files အမျိုးအစား တွေကို ရွေးပေးလို့ ရပါတယ်။


3. ရွေးပြီးပြီဆိုတာနဲ့ Next ပေးလိုက်တာနဲ့ Recover လုပ်ပေးတဲ့ ပုံလေးပေါ်လာပါလိမ့်မည်။


4. Recover လုပ်ပြီးပြီဆိုတာနဲ့ ကျလာတဲ့ Box လေးထဲမှာ အနီရောင်နဲ့ အပြာရောင် ဆိုပြီး နှစ်မျိုး ပြထားတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်ဆိုတာကတော့ ပြန်ရဖို့မသေချာ ဘူးဆိုတဲ့သဘောကို ပြထားတာပါ။ အစိမ်းရောင်ကတော့ သေချာပေါက် ပြန်ရမယ်ဆိုတဲ့ သဘောကို ဆိုလိုတာပါ။ မိမိပြန်လိုချင်တဲ့ File တွေကို Click ပေးပြီးရင် ဘယ်နေရာမှာ ပြန်သိမ်းမလဲရွေးတဲ့ အခါမှာ မိမိဖျက်လိုက်တဲ့ HDD မဟုတ်တဲ့ တစ်ခြား Partion ကိုရွေးပေးရပါမယ်။ ဆိုလိုတာက မိမိက C: ထဲက Data ကို Recover ပြန်ယူတဲ့အခါ D: သို့မဟုတ် တစ်ခြား Partion တစ်ခုခုကို ရွေးပေးရပါမယ်။ ဒါဆိုရင်အားလုံး အဆင်ပြေ သွားပါပြီ။


သုံးရတာ အဆင်ပြေပါတယ်။ အာလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 


Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.